Friday, June 13, 2008

+ ဆယ့်တစ်နှစ်တာ ခရီးဝယ်


စစ်တက္ကသိုလ်အပတ်စဉ်(၄၂)မှ ကျောင်းဆင်းအစ်ကိုများအတွက်
အမှတ်တရ..ကောက်နုတ်တင်ပြလိုက်ပါသည်။







တကယ်စစ်သော်
၁၁ တာရှည်
တွဲလက်ညီခဲ့
ယုံကြည်ချက်ခိုင်
မိုးသို့တိုင်ခဲ့
နိုင်ငံအတွက်
ချွေးတစ်စက်မှ
သွေးပွက်ထစေ
မတွေဝေခဲ့
ရွှေသားစိန်စစ်
၄၂ တို့ ချစ်ခြင်းဝိဥာဉ်
ကကြိုးဆင်လျှက်
ကောင်းကင်ဖန်ခုန်
မာန်အဟုန်ဖြင့်
မဖြုံစိတ်ဇွဲ
ရှေးသို့နွှဲလော့
ခက်ခဲအင်္သချေကိုသော်လည်းကောင်း
တိုက်ပွဲကုဋေကိုသော်လည်းကောင်း

စာအပြည့်အစုံသို့….

Thursday, June 12, 2008

+ ကောင်းလိုက်တဲ့ဥာဏ်

တပ်ခွဲမှူးအရာရှိ။ ။ ”ပထမနှစ်သင်တန်းကိုင်တဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျရှိသလား..”

ဗိုလ်လောင်းတာဝန်ကျ ။ ”ဟုတ်ကဲ့...ရှိပါတယ် ဗိုလ်ကြီး..”

တပ်ခွဲမှူးအရာရှိ ။ ”အေး..မင်းကိုခေါ်လိုက်ရတာ အကြောင်းကိစ္စတစ်ခုရှိလို့ကွ။ ပထမနှစ်ဗိုလ်လောင်းမောင်မောင်ရဲ့အဖေ ဒီနေ့ဆုံးတယ်လို့ ကြေးနန်းဝင်လာတယ်။ အဲဒါ ပထမနှစ်ဗိုလ်လောင်းလည်း ၀မ်းမနည်းရအောင်၊ စိတ်ထိခိုက်မှု မရှိအောင် သွယ်ဝိုက်ပြီး ပြောလိုက်ကွာ..”

ဗိုလ်လောင်းတာဝန်ကျ ။ ”ဟုတ်ကဲ့..ဗိုလ်ကြီး ”

ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျက ပထမနှစ်အခန်းသို့လာ၍ -

ဗိုလ်လောင်းတာဝန်ကျ ။ ”ပထမနှစ်တွေအားလုံးတစ်ယောက်တန်း တန်းစီ.....ပထမနှစ်တွေ လူစုံပြီလား..”

ပထမနှစ်ဗိုလ်လောင်းများ။ ။ ”ဟုတ်...”

ဗိုလ်လောင်းတာဝန်ကျ ။ ”အေး....ဒါဆို အဖေရှိတဲ့သူများ ရှေ့တစ်လှမ်းတက်..”

မောင်မောင်လည်း အများနည်းတူ တစ်လှမ်းတက်လိုက်လေသည်။ ထိုအခါ ဗိုလ်လောင်းတာဝန်ကျ ပြောလိုက်ပုံက-

”မောင်မောင် မင်းမပါဘူး...” ဟူသတည်း။

ဥက္ကာဇော်

(စစ်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။)

စာအပြည့်အစုံသို့….

+ ပြည်ချစ်ပန်း

မွေးဇာတိ
လွမ်းမိရဲ့ပြန်ချင်။

သတိဝင်
ငါလျှင်စစ်သား၊
တို့ပြည်တွင် ရန်စွယ်လွင့်စေဖို့
ကျရာစေ အရောက်သွားရတယ်
ခွင့်ရက်မနား။

တွေးပါဘိ
မြင်သိရစိတ်ကြည်။

အောင်တေးသီ
မြန်ရွှေပြည်အေးချမ်း၊
ခေတ်မီတပ်မတော်က
စွမ်းအားမော်နောင်တစ်ခေတ်၏
ပြည်ချစ်သည့်ပန်း။

မောင်သန့်ဇင်

(စစ်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှ ကောက်နုတ်တင်ပြပါသည်။)

စာအပြည့်အစုံသို့….

+ စိတ်အစဉ်မှ ပြစ်မှားမှုကို တောင်းပန်ခြင်း


အမိစစ်တက္ကသိုလ်တစ်ခုလုံးသည် တိတ်ဆိတ်မှုများနှင့် မှောင်အတိဖြစ်နေပြီ။ အပြင်လောကသို့ထွက်လည်ရန် ကြိုးစားနေသော ကျွန်တော်အဖြစ်ကတော့ ဆောင်းတွင်းတွင်ပင် ချွေးပြန်နေမိသည်။ မအိပ်သေးသော အခြားဗိုလ်လောင်းများရှိသော်လည်း ကိုယ့်လောက်ဇောချွေးပြန်နေသူ ရှိမည်မထင်။ ကျွန်တော့်ကြိုးစားမှုများ၏ နောက်ဆုံးရလဒ်ကတော့ ပခုံးပေါ်သို့လက်တစ်ဖက်ရောက်လာသော အချိန်တွင် သဲထဲရေသွန်ဖြစ်ခဲ့ရပါသည်။ ရရှိလိုက်တာကတော့ အပြစ်ပေးခံထိခြင်းပါပဲ။ အပြစ်ပေးသောအရာရှိကိုတော့ မေတ္တာတော်တော်ပို့မိပါသည်။ ဤသို့ဖြင့်ပင် ကျောင်းတော်ကြီးတွင် ဖြတ်သန်းခဲ့ရသော ကာလများသည် မျက်စိတမှိတ်အတွင်းတွင် ပြီးဆုံးခဲ့ပါသည်။

ကျောင်းဆင်းအရာရှိလောင်းလေးကျွန်တော်ရောက်သွားသော တပ်ကတော့ ရာမညမြေလေးပါ။ ရာမညမြေရဲ့အလှအပများကို (၂၃)ရက်သာ ခံစားပြီးချိန်တွင်တော့ ဖာပွန်သို့ရှေ့တန်းထွက်ရပါသည်။ မိမိအုပ်ချုပ်ရသော တပ်စုတစ်စုကို ထိန်းသိမ်းရသော အချိန်တွင် ဗိုလ်လောင်းဘ၀မှ မေတ္တာပို့မိသော အရာရှိများကို ကိုယ်ချင်းစာမိပါသည်။ အငြိုးအတေးများရင်ထဲတွင် မထားခဲ့သော်လည်း ထိုအချိန်ကဖြစ်မိသော စိတ်အစဉ်ကို နောင်တရမိပါသည်။ ဤစာပိုဒ်လေးဖြင့် ကျွန်တော့်စိတ်အစဉ်မှ ပြစ်မှားမိသော Senior များကို တောင်းပန်အပ်ပါသည်။

စာအပြည့်အစုံသို့….

Sunday, June 8, 2008

+ တပ်မတော်သား ဖေဖေ့ အတွက်..

ကဗျာလေးတစ်ပုဒ်ကို အင်တာနက်က ဖတ်လိုက်ရချိန်မှာ တစ်ချိန်က ခံစားခဲ့ရသော ခံစားချက်လေးကို သတိရလိုက်မိတယ်။ ကဗျာလေးကို နှစ်သက်မိသောကြောင့် တင်ပြလိုက်ပါတယ်..


"My Daddy is a soldier"


My daddy is a soldier
he's often gone away
to some far off country
where he has to stay.

I really miss my daddy
and I'm not sure what he does
except he helps other people
who need him very much.

At night when I say my prayers
I ask to keep daddy safe
so that he can come home to us
and sit in his favourite place.

I know that a day may come
when daddy won't come home
and it scares me even thinking
that we will be alone.

My daddy is a soldier
he's often gone away
and I am so very proud of him
each and every day.

Come home to us daddy
when your job is done
I know that those people need you
but they aren't the only ones.

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us