Thursday, June 12, 2008

+ စိတ်အစဉ်မှ ပြစ်မှားမှုကို တောင်းပန်ခြင်း


အမိစစ်တက္ကသိုလ်တစ်ခုလုံးသည် တိတ်ဆိတ်မှုများနှင့် မှောင်အတိဖြစ်နေပြီ။ အပြင်လောကသို့ထွက်လည်ရန် ကြိုးစားနေသော ကျွန်တော်အဖြစ်ကတော့ ဆောင်းတွင်းတွင်ပင် ချွေးပြန်နေမိသည်။ မအိပ်သေးသော အခြားဗိုလ်လောင်းများရှိသော်လည်း ကိုယ့်လောက်ဇောချွေးပြန်နေသူ ရှိမည်မထင်။ ကျွန်တော့်ကြိုးစားမှုများ၏ နောက်ဆုံးရလဒ်ကတော့ ပခုံးပေါ်သို့လက်တစ်ဖက်ရောက်လာသော အချိန်တွင် သဲထဲရေသွန်ဖြစ်ခဲ့ရပါသည်။ ရရှိလိုက်တာကတော့ အပြစ်ပေးခံထိခြင်းပါပဲ။ အပြစ်ပေးသောအရာရှိကိုတော့ မေတ္တာတော်တော်ပို့မိပါသည်။ ဤသို့ဖြင့်ပင် ကျောင်းတော်ကြီးတွင် ဖြတ်သန်းခဲ့ရသော ကာလများသည် မျက်စိတမှိတ်အတွင်းတွင် ပြီးဆုံးခဲ့ပါသည်။

ကျောင်းဆင်းအရာရှိလောင်းလေးကျွန်တော်ရောက်သွားသော တပ်ကတော့ ရာမညမြေလေးပါ။ ရာမညမြေရဲ့အလှအပများကို (၂၃)ရက်သာ ခံစားပြီးချိန်တွင်တော့ ဖာပွန်သို့ရှေ့တန်းထွက်ရပါသည်။ မိမိအုပ်ချုပ်ရသော တပ်စုတစ်စုကို ထိန်းသိမ်းရသော အချိန်တွင် ဗိုလ်လောင်းဘ၀မှ မေတ္တာပို့မိသော အရာရှိများကို ကိုယ်ချင်းစာမိပါသည်။ အငြိုးအတေးများရင်ထဲတွင် မထားခဲ့သော်လည်း ထိုအချိန်ကဖြစ်မိသော စိတ်အစဉ်ကို နောင်တရမိပါသည်။ ဤစာပိုဒ်လေးဖြင့် ကျွန်တော့်စိတ်အစဉ်မှ ပြစ်မှားမိသော Senior များကို တောင်းပန်အပ်ပါသည်။

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us