Saturday, November 29, 2008

+ သူတို့ အမြင်နှင့် အတွေး

ဖားစည်သံတွေ မြည်ဟိန်းနေတဲ့ သံလွင်မြစ်ကြီးဘေးကမြို့လေးဆီကို ဆေးမှူးတာဝန်နဲ့ ကျွန်တော်တာဝန်ကျရာ တပ်မတစ်ခုကိုရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်းတော့ တပ်မိသားစုနဲ့စပြီး မိတ်ဆက်တဲ့အနေနဲ့ ပွဲလေးတစ်ခုလုပ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်လေးကလည်း ဒီပွဲလေးဆီက ရလာတဲ့ အတွေးအမှင်စလေးပါ။


ကျွန်တော်တို့ သမားဇာနည်များရဲ့ တာဝန်ထမ်းဆောင်မှုများကတော့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော အောင်စစ်သည်များ၏ ကျန်းမာရေးကို စောင့်ရှောက်မှုအပြင် ၄င်းတို့၏ မိသားစုများ၏ ကျန်းမာရေးကိုပါ ပြုစုစောင့်ရှောက်ပေးရသော သမားဇာနည် အောင်စစ်သည်များဖြစ်ပါသည်။ တပ်တွင်း အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များကိုလည်း ကျန်းမာရေးဗဟုသုတများကိုလည်း အချိန်နဲ့တပြေးညီ ပြောကြားအသိပညာပေးရမည့် တာဝန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။

ထိုနေ့ပွဲလေးမှာတော့ ကျွန်တော်တင်ဆက်ဆွေးနွေးတဲ့ အကြောင်းအရာလေးကတော့ သားဆက်ခြားခြင်း အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သားဆက်ခြားသည့် ဆေးကို လိမ့်ပတ်လည်အောင် ပုံမှန်သောက်ခြင်းဖြင့် သားဆက်ခြားနိုင်သကဲ့သို့ ဆေးသောက်ရန်ပျက်ကွက်တတ်သူတွေ အတွက် အလွယ်ကူဆုံးသားဆက်ခြားခြင်းကတော့ ကွန်ဒုံးကို အသုံးပြုခြင်းဆိုတဲ့ အကြောင်းအရာလေးကို သေသေချာချာ တင်ပြဆွေးနွေးခဲ့ပါသည်။ ကျွန်တော့်တင်ပြဆွေးနွေးမှု အဆုံးမှာ စစ်သည်များဖက်မှ မရှင်းလင်းတာလေးများမေးနိုင်တယ် ဆိုတဲ့ စကားလေးအဆုံးမှာတော့ စစ်သည်တစ်ဦးက ကွန်ဒုံးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အရာတစ်ခုကို သူ့အတွေးလေးဖြင့် ပြောလိုက်ပုံက
"ဗိုလ်ကြီးတင်ပြတာကို လက်ခံပါတယ်။ တကယ်တော့ ဗိုလ်ကြီးတို့ပြောတဲ့ ကွန်ဒုံးကို အသုံးပြုရတာ အဆင်မပြေပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ပူအိုက်လို့ရေချိုးပါတယ်ဆိုကာမှ မိုးကာဝတ်ပြီး ရေချိုးနေရသလိုပါပဲ" တဲ့ခင်ဗျာ။ စကားအဆုံးမှာတော့ ကျောင်းဆင်းကာစ အရာရှိပေါက်စ လူပျိုလေး သမားဇာနည်ကျွန်တော်သည် ခန်းမအရှေ့တွင် မည်သို့ပြောရမည် မသိအောင် ဆွံ့အသွားပါတော့သည်။ ခန်းမတစ်ခုလုံးလည်း ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

10 comments:

GreenGirl said...

ဖြစ်ရမယ်...

မီးမီးငယ် said...

ရှက်ပါနဲ့ ကွယ်

တို့ တွေလောက်မဆိုးသေးပါဘူး
တို့ သုံးခွမှာတာဝန်ကျတုန်းကလဲဒီလိုဘဲ

သုံးတော့သုံးကြည့်တယ်
ဘတ်မလွတ်လပ်ဘူးတဲ့
ဘာလို့ လဲဆိုတော့ကွန်ဒွန်ကိုလက်မှာစွတ်ထားရလို့ တဲ့
း(

အဲဒိနေ့ မှာတို့ တွေက
ဒမွန်စတွေးရှင်းကိုလက်နဲ့ ပြမိတကိုး
ကျွန်မပြမိအပြစ်ရှိ၏

ကောင်းသောနေ့ များပိုင်ဆိုင်နိုင်ပါစေရှင်

မင်းကျန်စစ်။ said...

ဟိ ဒါတွေ သားတော့ နားမလည်ဘူး
ဘာအကြောင်းတွေ ပြောတာလဲဟင် !!!!
:PPP
စစ်သားတွေ ဘဝမှာလဲ ပင်ပန်းဆင်းရဲခြင်းတွေကြားက ဟာသအဖြစ်လေးတွေလည်း ကြုံတတ်တာပေါ့း)

ကိုရင်ညိန်း said...

တော်သေးတာပေါ့ .. လက်ညှိုးလေးထောင်ပြီး ဒီလိုလေး ဆိုပြီး မပြခဲ့ရတာ ။ နို့မို့ ဗိုလ်ကြီး ပြောသလို လက်ညှိုးလေးမှာ စွပ်ထားတာပဲ ဖြစ်နေဦးမယ် .. အဟေးဟေး
( ခရီးလွန်နေလို့ ခုမှရောက်တာဗျာ .. စကားမစပ်
Word Verification ဆိုတာကြီးဖြုတ်လိုက်ပါဦးဗျာ
ကွန်မန့်ပေးရတာ လက်ပေါက်ကပ်လို့ အဟေးဟေး )

Anonymous said...

ကိုယ်တို့ တုန်းကတော့ PSM က model ငှက်ပျောသီး ရုပ်တွေ ပေးတယ် ။ ဖြစ်တတ် ပါတယ် ။ တစ်ချို့ ဆို ပူပေါင်း မှတ်လို့လေ...။ ဆက်ရေးပါ...အားပေးနေပါတယ် ။

ကိုဥာဏ်(စက်မှု) said...

တပ်မှာ ကွန်ဒုံးတွေ ဝေတော့ ရလိုက်တာ အများကြီးကိုးဗျ .. အဲဒါနဲ့ တိုက်/ စည်း သင်တန်းလည်း တက်ရော ကျုပ်တို့အဖွဲ့ လူနောက်တွေက အဲဒါတွေကို ရေပူဖောင်းလုပ်ပီး ခြင်ထောင်တန်ုးမှာ ချိတ်ထားကြတာလေ .. ညဘက် စတာဒီ ၀င်တော့ သင်တန်းမှူး ဗိုလ်မှူးက ဟောထဲကို ရုတ်တရက် ၀င်ချလာတာ အဲဒီ ချိတ်ထားတဲ့ ရေပူဖောင်း ကွန်ဒုံးတွေနဲ့ သူ့ခေါင်းနဲ့ မိတ်ဆက်တော့တာပေါ့ .. အ၀င်တုန်းကတော့ သူလည်း သတိမထားမိလို့ ထင်တယ် .. လက်နဲ့ အသာတွန်းပြီး ၀င်လာတာ .. ပြန်ထွက်တော့မှ အဲဒါတွေ မြင်သွားပြီး အိုး ဘာပြောကောင်းမလဲ .. နောက်နေ့ တနေကုန် မြက်ပေါက်လိုက်ရတော့တာပဲ ဗျို့

မီးမီးငယ် said...

စခ်ျခြင်းခြေရာရေ

မသိလို့ မေးကြည့်တာနေည်
PSM လား PSI လားဟင်

မီးမီးငယ် said...

ချစ်ခြင်းခြေရာရေ မသိလို့ မေးကြည့်တာနော် PSM လား PSI လားဟင်

mgthonnya said...

ဟဟဟ...ဟာသပဲ....ဖြစ်လည်းဖြစ်တတ်..ပြောလည်း
ပြောတတ်ပ...:)

ပန်းခရေ said...

ဟီးးး
တော်တော် တော်တဲ့လူပဲဟိ
ရီလိုက်ရတာ ဟီး

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us