Sunday, May 17, 2009

+ ဘယ်သောအခါမှ နောင်တမရသော ရွေးချယ်မှု


တပ်မှူးရှေ့တွင်ရပ်နေသော ကျွန်တော့ခြေအစုံသည် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ ကောက်ခါငင်ကာဖြင့် မည်သူမျှထင်မထားသော ရှေ့တန်းစစ်မြေပြင်ကို လူစားထိုး လိုက်ရမည်။ စစ်သားနှင့် စစ်ပွဲမဆန်းသော်လည်း ဆန်းနေတာက ကျွန်တော်။ အပတ်စဉ်တူ သူငယ်ချင်း တော်တော်များများက ကျောင်းများနှင့် တပ်ဆွယ်ဆေးရုံများတွင်သာ တာဝန်ကျနေချိန်.. ကျွန်တော်တစ်ကောင်ကတော့ ချွန်ပြီး ရှေ့တန်းပါသည်။ ပါသည့်နေရာကလည်း သတင်းမွှေးသည် ဘော်ဂလိ။

မဟာတန်းဝင်ခွင့်စာမေးပွဲသည်လည်း နှစ်ကုန်တွင်ရှိသောကြောင့် သူသူငှာငှာ အပတ်တကုတ်ကြိုးစား စာကျက်နေချိန်တွင် ကျွန်တော့်အဖြစ်က….


စစ်သားတို့မည်သည် အမိန့်တာဝန်ကို လိုက်နာရမည်။ No Excuse.. No Complaint တပ်မှူးရုံးခန်းက ပြန်ထွက်လာကတည်းက သူငယ်ချင်းတစ်ချို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြား။ ဆေးရုံမှလည်း စောစောပြန်လာခဲ့လိုက်သည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်.. ၀ယ်စရာများရှိနေပြန်တော့လည်း မင်္ဂလာဒုံဈေးကိုပြေး။ ဈေးကအထွက် အမိကျောင်းတော်ကြီးကို ကြည့်မိရင်း သက်ပြင်းချမိသည်။ အင်း.. နောက်သုံးလေးလကုန်လို့ အမိကျောင်းတော်ကြီးရင်ခွင်ကို နားခိုရမလား။ မီးပွိုင့်သာခြားသော ငြိမ်းအေးကိုရောက်မလား။
ပစ္စည်းပစ္စယထုပ်ပိုးပြီးချိန်တွင် နံရံမှ နာရီကိုကြည့်လိုက်တော့ အချိန်က ညကိုးနာရီခွဲ။ တဆက်တည်းမှာပင် အိမ်ရှေ့လူခေါ်ခေါင်းလောင်းက မြည်လာသည်။ တံခါးဝတွင် ကျွန်တော်၏ အချစ်ဆုံးငယ်သူငယ်ချင်းနှစ်ယောက်က သုံးဆယ့်နှစ်ကွတ်တာပေါ်အောင် ပြုံးပြနေသော အပြုံးနှစ်စုံ။ အကြောင်းကြားထားတာကတော့ ညနေပိုင်းက။ သူတို့လည်း ဆေးခန်းပိတ်ချိန်ပြီးမှသာ လာရောက်နှုတ်ဆက်နိုင်ကြသည်။ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် တစ်ဦးနှင့် တစ်ဦး စကားမဆိုပဲ နှုတ်ဆိတ်နေကြသည်။

"မင်းကွာ… အစကတည်းက ငါတို့တားထားရက်နဲ့ကွာ။ အခုတော့ ငါတို့သူငယ်ချင်းတွေ အားလုံးအဝေးကြီးတွေကို ရောက်တော့မယ်။ ဘယ်အချိန်ပြန်ဆုံမယ်ဆိုတာ မသိနိုင်သလို။ ဘယ်လိုပုံစံတွေ ပြန်ဆုံစည်းကြမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ မင်းသာ စစ်ဆေးထဲမ၀င်ခဲ့ရင် အခုလောက်ဆို ငါတို့သုံးယောက် ဂျမေးကားကို သွားဖို့ အေးအေးဆေးဆေး ပြင်ဆင်နေရုံပဲကွာ။ "


သူငယ်ချင်းစကားကို ကျွန်တော်ဘာမှ ပြန်မတုံ့ပြန်ချင်။ ကျွန်တော့်ရွေးချယ်မှုအတွက် ကျွန်တော့် မည်သည့်အခါကမှ နောင်တဆိုတာ မရခဲ့ပါ။ ငယ်ငယ်ကတည်းက စားအတူသွားအတူ သူငယ်ချင်းလေးယောက်သည် အထက်တန်းပညာများစုံပြီး မိမိတို့ဘ၀လမ်းကြောင်းအတွက် တက္ကသိုလ်များကို ရွေးချယ်ချိန်တွင် ကျွန်တော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျန်နှစ်ယောက်က အရပ်ဖက်ဆေးတက္ကသိုလ်ကို ရွေးချယ်ချိန်တွင် အခြားသော သူငယ်ချင်းတစ်ယောက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျောင်းသားဘ၀၊ ဗိုလ်လောင်းဘ၀များတွင် ပြောင်းလဲမှုများ မရှိခဲ့သော်လည်း အမိတက္ကသိုလ်ရင်ခွင်များမှ စွန့်ခွာချိန်တွင် ကျွန်တော်တို့ တပ်မတော်သားများက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန် ကျရာနေရာဒေသများကို သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။ လက်ဖက်ရည်ဝိုင်းလေးသည် တိုက်ဆိတ်ကာ သူငယ်ချင်းသုံးဦးသား အတွေးကိုယ်စီဖြင့် မျောနေခဲ့ကြသည်။ နှုတ်ဆက်စကားဆိုကာ သူငယ်ချင်းများနှင့် ထိုညက စောစောလမ်းခွဲခဲ့သည်။
နောက်တနေ့တွင် တဆရ(၂)မှထွက်ခွာမည့်ကားအနီးသို့ သူငယ်ချင်းများရောက်လာချိန်တွင် ရင်ထဲတွင် ၀မ်းနည်းမှုက ပြောမပြနိုင်။ သူငယ်ချင်းလေးယောက်တွင် ကျွန်တော်က ရန်ကုန်မြေမှ ခွဲခွာပြီး နောက်တစ်လတွင် ဂျမေးကားသို့ထွက်ခွာကြတော့မည့် ဆရာဝန်သူငယ်ချင်းနှစ်ယောက်နှင့် ဘယ်သောအခါမှ ပြန်ဆုံကြမည်နည်း။ ရှေ့တန်းစစ်မြေပြင်ကိုရောက်နေသော အင်ဂျင်နီယာစစ်သည်သူငယ်ချင်းနှင့်လည်း အားလုံးပြန်ဆုံနိုင်ကြမလား မည်သူမှ မဟောနိုင်။ မပြောနိုင်။
ပုခုံးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ကျွန်တော့်အတွေးတိုကလွင့်စင်သွားသည်။ လက်တစုံရောက်လာသော အသိနှင့်အတူ ပုခုံးပေါ်တွင် တပ်ဆင်ထားသော ကြယ်ပွင့်လေးများ၏ တာဝန်ဝတ္တရားများဆီသို့ အသိပြန်လည်ရောက်ရှိသွားသည်။
"သူငယ်ချင်း ကျော်စွာ.. မင်းရွေးချယ်ခဲ့မှုက မှားတယ်။ မှန်တယ်လို့မင်းကို ငါတို့ မပြောချင်တော့ပါဘူး။ ဒါပေမယ့်ကွာ.. ဖြစ်နိုင်ရင်တော့ မင်း ဒီအ၀န်းအ၀ိုင်းက ထွက်လာခဲ့ပြီး ငါတို့နောက်လိုက်ခဲ့ပါ။ မင်းအလုပ်ကြီးက ပင်ပန်းဆင်းရဲပြီး အသက်ကိုပါ အန္တရာယ်ရှိတယ်။"

ကျွန်တော့်သူငယ်ချင်း၏စေတနာကို နားလည်ပါသည်။ သို့သော်လည်း ပြုံးပြရုံလေးဖြင့်သာ …

"သူငယ်ချင်း ငါတို့ဆေးတပ်သားတွေက ပင်ပန်းဆင်းရဲကြတယ်ဆိုပေမယ့် ငါတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင် မတိုက်ခိုက်နိုင်တဲ့ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေသော တပ်မတော်သားတွေရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူတွေ။ ငါ့တာဝန်က အသက်ကို အန္တရာယ်ရှိချင်ရှိမယ်။ ဒါပေမယ့်ကွာ အသက်ကိုတောင် စွန့်လွှတ်ပြီးတိုက်ပွဲဝင်တဲ့သူတောင်ရှိတာ ငါတို့က ဘာလို့နောက်တန်းကနေ ရင်တုန်နေမလည်း။ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို ကုသပေးရတာကို ငါ ဂုဏ်ယူမိတယ်ကွာ။ မင်းတို့နဲ့ တနေ့တော့ပြန်ဆုံမှာပါ။"

ယာဉ်တန်းကြီး တဆရ(၂)ကထွက်သည်အထိ မျက်စိတဆုံးတွင် ရပ်နေသေးသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း…
ငါတို့ဆေးတပ်မတော်သားတွေက ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ငါတို့အမိမြေအတွက် တတပ်တအား ပါဝင်နေကြသူတွေဆိုတာ မင်းတို့ တနေ့နားလည်ပေးနိုင်ကြပါစေ…


13 comments:

Anonymous said...

ကောင်းတယ်ဗျာ...အကိုရေးထားတဲ. ဟာလေးတွေက
ခံစားရပါတယ်...

Anonymous said...
This comment has been removed by the author.
ပြင်ဦးလွင်သား said...

လာဖတ်သွားတယ် အကို ကောင်းတယ်ဗျ

လွမ်းသုရင် said...

နားလည်နိုင်ပါတယ် မောင်အာရ်မီရယ် :)

ဖြိုးငယ် said...

ဟိုနေ့တည်းက လာဖတ်ရင်းနဲ့ ကွန်နက်ရှင်းကျသွားလို့ ကွန်မန့်မရေးလိုက်ရဘူး ..
တော်တော်ကောင်းတယ်ဗျာ .. အားလုံးရဲ့ ခံစားချက်နဲ့လည်း ကိုက်ညီတယ် ...ကျွန်တော်လည်း ကျွန်တော့်ရွေးချယ်မှုအတွက် ဘယ်တုန်းကမှ နောင်တ မရခဲ့သလို နောင်လည်း နောင်တ ရမှာ မဟုတ်လိမ့်ဘူးဗျာ .. ဒီရွေးချယ်မှုနဲ့ ကျုပ်တို့ရှေ့ဆက်ရအောင်ဗျာ

flowerpoem said...

ကိုယ်ရွေးချယ်တဲ့လမ်းကို အကောင်းဆုံးလျှောက်လှမ်းနိုင်တာ ကောင်းပါတယ်ရှင်.

mgnge said...

စစ်သားပဲဗျာ....။စစ်တိုက်ရင်းသေတာ မဆန်းပါဘူး..။
အခုချိန် အေးငြိမ်းနေပေမယ့်...နောက်တစ်ချိန် သေမင်း နဲ့ စစ်ခင်းရမယ်ဆိုလည်း ..မကြောက်တမ်းပေါ့...။

Ogre said...

လာဖတ်သွားပါတယ်ဗျာ ...
ပျော်ရွှင်ပါစေ ..

မန်းသူလေး said...

ကောင်းပါတယ် စစ်သားပဲ ဒီလိုပဲဖြစ်ရမှာပေါ့
လေးစားပါတယ်ရှင်

Anonymous said...

အေး စစ်သားတော့မှန်တယ်၊ စစ်တိုက်ရင်းသေတာလည်းမှန်တယ်။ အင်္ဂါဂြိုဟ်ကလာတိုက်တာကို ပြန်တော်လှန်ရင်းနဲ့သေရင်တော့ ဂဏ်ပြုလိုက်မယ်။ ကိုယ့်လူမျိုးအချင်းချင်းတိုက်တာကို တခမ်းတနားဖွဲ့မနေနဲ့ဟေ့ကောင် လီးပဲ။ သတ္တိရှိရင် လက်ချင်းချမယ်။ မြန်မာ့လက်ဝှေ့အရသာကို မင်းတို့စစ်သားတွေ ကောင်းကောင်းမမြည်းသေးဘူးနဲ့တူတယ်။

Unknown said...

ကောင်းတယ်သိပ်ကောင်းတဲ့ဖန်တီးမှူ့ဘဲ............အရမ်းကိုလေးစားရပါတယ်..............
လူတွေရဲ့ပုတ်ခတ်မှု့တော့ရှိတာပေါ့ သူမှစစ်မတိုက်တက်တာ...........လက်ဝှေ့လောက်မလွယ်ပါဘူး..ကျွန်တော်လဲလက်ဝှေ့ထိုးတက်ပါတယ်.......
စစ်တိုက်တာလူလက်နက်နဲ့ပဲတိုက်ရတာမှမဟုတ်တာ.............စိတ်ဓါတ်ရယ်ခိုင်..........နှလုံးရည်ရယ်ပိုင်မှပါဗျာ..........
စိတ်ဓါတ်ခိုင်ပါတယ်.......ကြိုးစားအကို..........
49

Unknown said...

နောက်တခေါက်လာဦးမယ်

အလင်းရောင် said...

ကောင်းတယ် သူငယ်ချင်းရေ... လွတ်ထည့်လိုက်တာပဲ အလန်းကြီးတွေ ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကျောချမ်းသွားတာပဲ.... တကယ့်ကောင်းတဲ့ ရွှေးချယ်မှုပါဗျာ....သယ်ရင်းပြောမှ ပိုလေးနက်သွားတော့တယ်ကွာ... ကျေးဇူးပဲ....ပြန်ပြီး။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us