Sunday, July 5, 2009

+ ချယ်ရီမြေမှ ရင်ပူခဲ့သော ညတစ်ည



အင်တာနက်ဆိုသော ကမ္ဘာရွာကြီးဆီသို့ မရောက်လာခဲ့တာ ရက်ပေါင်းကြာခဲ့ပြီ။ အပြောင်းအရွှေ့များဖြင့် မြို့နှင့် အလှမ်းဝေးသည် မဆိုသာ၊ နီးသည်ဟုလည်း မမည်သော နေရာလေးတစ်ခုသို့ ကျွန်တော်ရောက်ရှိခဲ့လေသည်။
ရှစ်ခွင်တိုင်း မှိုင်းတဲ့ပတ်လည် x x x x x မိုးအေးအေးနှင့် အလုပ်နားချိန်လေး အတွေးတို့က ချယ်ရီတွေဝေနေသော မြေဟုတင်စားထိုက်သော ပြင်ဦးလွင်မြို့လေးဆီက အတိတ်ပုံရိပ်များကို သတိရမိသည်။ ကျွန်တော်တို့တွေအားလုံး ယခုဆိုလျှင် တစ်ယောက်တစ်နေရာဆီ ရောက်နေပါသည်ဟု ဆိုသကဲ့သို့ သူငယ်ချင်းများ တာဝန်ပေးအပ်ရာ နေရာများကို ရောက်ရှိကာ သူငယ်ချင်းများ ခွဲခွာခြင်း စကြလေပြီ။ G-3ဘ၀လေးများဖြင့် တပ်မတွင် သူငယ်ချင်းတွေ ပြန်ဆုံချိန်တွင် ပျော်မိသော အပျော်သည် ဘာနဲ့မှ မလဲနိုင်ခဲ့ကြချေ။ ယခု..အချိန်စိ၍ပြန်လည် ခွဲခွာကြရပြန်သည်။ အဆောင်မျက်နှာကျက် အမိုးပြားကို စိတ်ကြည့်ရင်း....


"ဟိတ်ကောင်တွေ.. ငါပုလင်းတစ်လုံးရလာတယ်။"

ကျွန်တော်တို့ထဲတွင် တိုင်းရင်းသားမျက်နှာလေးဖြင့် ချစ်ဖို့ကောင်းသော ကျွန်တော်၏သူငယ်ချင်းပအိုဝ့်လေးက ရင်ဝယ်တွင် BE တစ်ပုလင်းပိုက်ကာ ကျွန်တော်တို့နားသို့ရောက်လာလေသည်။


"ဟိတ်ကောင်..ကြည့်ကျက်လုပ်။ မတော်မိရင် တစ်အုပ်လုံးမနေရဘူး။ ပေ(၅၀)ပတ်လည် ပြေးမလွတ်ဘူးကွ။"
"မင်းကြောက်လည်း မင်းမသောက်နဲ့ပေါ့"


ဒင်းကလည်း မူသည် သူ့လက်ထဲတွင် ပုလင်းလေးရှိနေတော့လည်း.... ကျွန်တော်တို့ဗိုလ်လောင်းများသည် အရက်မသောက်ရဟု စည်းကမ်းချမှတ်ထားသော်လည်း လူငယ်ပီပီစမ်းသောက်ကြည့်ချင်သည်။ မြို့ထဲတွင်လည်း ဆိုင်များတွင် ဗိုလ်လောင်းများကို အရက်မရောင်းရဟု ချမှတ်ထားသောကြောင့် အမိကျောင်းတော်ကို သိတတ်စွာဖြင့် ပင်ပန်းခံစွာ ဘယ်သောအခါမှ Outpass ထွက်တိုင်း ရှာပြီး မသောက်ခဲ့ပါ။ ယနေ့တော့ .. မင်းသားက ဘယ်က ဘယ်လို မလာသည် မသိ။

"နေအုံးကွ ဒီအတိုင်းသောက်လို့ မကောင်းဘူး။ အမြည်းလေးဘာလေး ပါမှ ကောင်းတာပေါ့ကွ။"
"မင်းကလည်း ပြောတတ်ပ။ ဘယ်မလည်း မြည်းစရာ ကိုယ့်အသားကိုယ်လှီးမှ ရမှာ။"
"နေစမ်းပါအုံးကွာ.. ငါကြံပါ့မယ်။"


ဥာဏ်ကြီးရှင်တစ်ယောက် သူ့ပုလင်းလေးကို လက်ဝယ်က မချပဲ အမြည်းရှာပုံတော်ထွက်လေသည်။ ခဏကြာသော ဥာဏ်ကြီးရှင် နို့ဆီဘူးတစ်ဘူးဖြင့် ပြန်ရောက်လာသည်။
ဘာကြီးလည်းကွ။ မင်းဟာကလည်း မနိုပ်လိုက်တာ။ နို့ဆီနှင့် အရက်မြည်းရမယ်...ဟုတ်စ

"ဟိတ်..ရှာမရှည်နဲ့။ သောက်ချင်သောက် မသောက်ချင်နေ။ ခွက်လျော့ရင် ပိုကြိုက်တယ်။"

မထူးတော့ချေ။ အားလုံးလည်း သဘောတူညီစွာဖြင့် BEလေးနှင့် နို့ဆီကို ကော်လိုက် မော့လိုက်နှင့် ကျွန်တော်တို့အဖွဲ့ တက်ညီလက်ညီ ဖြိုလိုက်ကြသည်။ သောက်စကတော့ ဟုတ်တုတ်တုတ်။ နောက်တော့ ပြသနာတတ်ပါသည်။ ရင်တွေပူလာတာ မီးကဲ့သို့ပင်။ အူရိုင်းဆိုတော့လည်း ပြသနာရှိခြင်းလား။ နို့ဆီနှင့် BE ပဲ မိတ်ဖွဲ့သလားမသိ။ နောက်ဆုံးတွင်တော့ ကျွန်တော်တို့ငါးယောက် ရေအိုးများရှိရာသို့ပြေးရလေသည်။ သောက်လို့ကောင်းလိုက်တဲ့ရေ။ အိပ်ကလည်း ငိုက်လာသည်။ ပြင်ဦးလွင် အအေးဒဏ်ကိုပင် အန်တုနိုင်သော ရင်ဘတ်များ။ နောက်ဆုံးမတော့ တက်ညီလက်ညီ ရေအိုးကိုယ်စီရင်ဝယ်ပိုက်ကာ ခြင်ထောင်ထဲဝင်အိပ်ခဲ့ကြသည်။
အတန်ကြာတော့ ကြွက်စိကြွက်စိဖြင့် အသံများထွက်လာပါတော့သည်။ ပြသနာက ရေအိုးများပျောက်ခြင်း....
နောက်ဆုံးရလာဒ်ကတော့ အပြစ်ပေးခံလိုက်ရသော ကျွန်တော်တို့အဖွဲ့....

အမှတ်တရများကို စဉ်းစားရင်းဖြင့် ကျွန်တော်တို့လေးယောက် တပ်မတွင်ပြန်ဆုံချိန်တွင် ၀ိုင်းလေးတစ်ဝိုင်းဖွဲခဲ့စဉ်က အမြည်းအဖြစ် ဟင်းချိုကို မြည်းသည်ဟု ဆိုသောကြောင့် ကြားကို မကြားဖူးဘူးဟု ဆိုခဲ့သော ညီမလေးကိုလည်း သတိရမိသည်။

သြ.. အခုချိန်တွင်တော့ ကျွန်တော်တို့အားလုံးတစ်နေရာဆီ ခွဲခွာခဲ့ကြရပြီ။ ကျွန်တော်၏ သူငယ်ချင်းများလည်း တာဝန်ကျရာတပ်စခန်းများတွင် ကျွန်တော့်လိုပဲ ပြင်ဦးလွင်၏ညများကို တမ်းတနေကြမည်လောဟုတွေးရင်း..

တချိန်က (ရတခ)

4 comments:

မီးငယ် said...

အားလုံးအဆန်းချည်းပဲ နို့ဆီအမြည်းလုပ်တာနဲ့
ကျွတ်ကျွတ်အိတ်နဲ့ရေနွးတည်တာနဲ့ ဟုတ်နေကျတာပဲ

ဖြိုးငယ် said...

ဟေးဟေး .. ပေါက်ပေါက်ရှာရှာပဲ .. နို့ဆီနဲ့အရက် တစ်ခါမှ သောက်ဖူးဘူး ..

Anonymous said...

DSA ဆိုတာ ဒီလိုပဲ အရက်ခိုးသောက်ရတဲ့နေရာလား။ ဒါပေမယ့် ငါကြားဖူးတာကတော့ အဆောင်မှူးကို ပိုက်ဆံခွံ့ထားရင် လွတ်လပ်စွာသောက်လို့ရပါတယ်။ မင်းတို့က ငမွဲတွေဆိုတော့ ခိုးသောက်ရတာနေမှာ။ ကျန်တဲ့ တိုင်းမှူး၊ ဗျူဟာမှူးသားတွေကတော့ ပေါ်တင်ပဲသောက်တယ်။ အေလေ ဒီလိုကောင်တွေ တိုင်းပြည်အုပ်ချုပ်မှတော့ တိုင်းပြည်လည်း ဖာတိုင်းပြည်ဖြစ်တာ ဘာဆန်းလဲ။ ထပ်ပြောဦးမယ်နော် ငါ့စာဖျက်လိုက်ရင်တော့ ငါပြောတာကို မင်းမငြင်းနိုင်လို့ပဲ။

ကျွန်တော် ကမ္ထာ said...

အရက်သောက်တဲ့နေရာလားလို့ မင်းမို့မေးတယ်. ပြောရင်မကောင်းဖြစ်တော့မယ်.ကိုရင်ဝတ်ရင်းနဲ့နေလွဲညစာစားဖူးတဲ့သူတွေရှိတာကို မင်းလက်ခံလား "အမည်မသိ"ရ မင်းတို့အမြင်ကိုကအဆိုးဘက်ကပဲကြည့်တာကိုဟ။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us