Thursday, June 12, 2008

+ ကောင်းလိုက်တဲ့ဥာဏ်

တပ်ခွဲမှူးအရာရှိ။ ။ ”ပထမနှစ်သင်တန်းကိုင်တဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျရှိသလား..”

ဗိုလ်လောင်းတာဝန်ကျ ။ ”ဟုတ်ကဲ့...ရှိပါတယ် ဗိုလ်ကြီး..”

တပ်ခွဲမှူးအရာရှိ ။ ”အေး..မင်းကိုခေါ်လိုက်ရတာ အကြောင်းကိစ္စတစ်ခုရှိလို့ကွ။ ပထမနှစ်ဗိုလ်လောင်းမောင်မောင်ရဲ့အဖေ ဒီနေ့ဆုံးတယ်လို့ ကြေးနန်းဝင်လာတယ်။ အဲဒါ ပထမနှစ်ဗိုလ်လောင်းလည်း ၀မ်းမနည်းရအောင်၊ စိတ်ထိခိုက်မှု မရှိအောင် သွယ်ဝိုက်ပြီး ပြောလိုက်ကွာ..”

ဗိုလ်လောင်းတာဝန်ကျ ။ ”ဟုတ်ကဲ့..ဗိုလ်ကြီး ”

ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျက ပထမနှစ်အခန်းသို့လာ၍ -

ဗိုလ်လောင်းတာဝန်ကျ ။ ”ပထမနှစ်တွေအားလုံးတစ်ယောက်တန်း တန်းစီ.....ပထမနှစ်တွေ လူစုံပြီလား..”

ပထမနှစ်ဗိုလ်လောင်းများ။ ။ ”ဟုတ်...”

ဗိုလ်လောင်းတာဝန်ကျ ။ ”အေး....ဒါဆို အဖေရှိတဲ့သူများ ရှေ့တစ်လှမ်းတက်..”

မောင်မောင်လည်း အများနည်းတူ တစ်လှမ်းတက်လိုက်လေသည်။ ထိုအခါ ဗိုလ်လောင်းတာဝန်ကျ ပြောလိုက်ပုံက-

”မောင်မောင် မင်းမပါဘူး...” ဟူသတည်း။

ဥက္ကာဇော်

(စစ်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။)

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us