(29th May, 2009) ဒီနေ့လေးသည် ကျွန်တော်တို့အတွက် ရင်ခုန်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါသည်။ မနက်မိုးလင်းကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အောင်စာရင်းစောင့်နေရသော ကျောင်းသားလိုလို။ ရုံးရောက်ကတည်းက အပတ်စဉ်တူခြင်း လှမ်းကြည့်သည့် အကြည့်လေးတွေကလည်း စိုးရိမ်စိတ်က တွဲလဲခိုနေကြသည်။
နေ့လည်ထမင်းစားချိန်ထိ လူက စားလို့မ၀င်။ နင်တင်တင်.. ထမင်းတစ်လုတ် ရေတမုတ်ဖြင့်သာ မြိုချပြီး အဆုံးသတ်လိုက်သည်။ လုပ်ကိုင်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ပြီး ညနေလေးနာရီတွင် ဖုန်းများက ၀င်လာပါပြီ။ မင်းဘယ်ရောက်လည်း.. ငါဘယ်ရောက်တယ် စသည်ဖြင့်။ ကျွန်တော့်သတင်းကတော့ တစိုးတစမှ မကြားရသေး။ ပိုဆိုးသည်က မိမိနှင့် အမည်တူကလည်း အပတ်စဉ်တူရှိသေးသည်။
ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေပြီ..
မပါခြင်းလော။ မသိသေးခြင်းလော။ မနက်ဖြန်တွင် တပ်ကို စာရောက်မည်ဖြစ်သော်လည်း ရင်ထဲမှာက စိုင်းစိုင်းခမ်းလှိုင်လို ဗလောင်ဆူတဲ့ရင်ဖြစ်နေပြီ။ ညနေငါးနာရီခွဲလောက်တွင် အတိအကျသိရပါပြီ။ ကျွန်တော်ပြောင်းရမည့်တပ်က မိခင်ကြီးနှင့် နီးသော ဒေသလေးတစ်ခုဖြစ်၍ ၀မ်းသာမိသည်။ ပိုဝမ်းသာမိခြင်းက အမေ့နားနီးနီးနေပါက မိန်းမပေးစားတော့မည်ဆိုသည်မှာ လက်ခတ်မလွဲ..
သြ.. လူပျိုကြီးဘ၀ ကျွတ်ရချီသေး။
သို့ပေသော်ငြားလည်း မိမိ၏ ညီအစ်ကိုရင်းခြာပမာ ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ကြသော ဗိုလ်လောင်းဘ၀ကတည်းက သေအတူရှင်မကွာ သူငယ်ချင်းအချို့လည်း အပြောင်းအရွှေ့မပါသူ၊ စစ်မြေပြင်တွင် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်သွားကြသူနှင့် မိမိတို့ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ပဓါနမထားပဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့ကြသော သူငယ်ချင်းများအတွက် စိတ်မကောင်းဖြစ်မိရင်...။ ဒီနေ့လေးမှာ .. ငါတို့သူငယ်ချင်းတွေအတွက် မမေ့နိုင်တဲ့ ရက်စွဲလေးအဖြစ် မှတ်တမ်းတင်လိုက်ပါသည်။
ရတခ
Sunday, May 31, 2009
+ မမေ့နိုင်သော ရက်စွဲ (၂၉-၅-၂၀၀၉)
Subscribe to:
Post Comments (Atom)
2 comments:
ကောင်းပါတယ် မောင်Army၊ ဆက်ရေးပါ။
နောက် post တွေကိုစောင့်မျှော်အားပေးနေပါ့ မယ်။
လာလည်ပါတယ်...... ဦးဦးအာမီရေ...
တလက်စတည်း ဘလော့မွေးနေ့ကို လာဖိတ်တယ်
အစားအသောက် နဲ့ဧည့်ခံပွဲကို တီတီအာမီနှင့် တကွ
ကြွရောက်နိုင်ပါတယ်...လာခဲ့ပါနော်...
း)
မက်မက်
Post a Comment