တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်က
မနက်ဆို ပီတီပြေး
ပီဘိကလေးတွေလို
Senior တွေကြောင့်ဖြောင့်မတ်
Guardian တွေကစောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး။ ။
”ဘယ်ညာ ဘယ်ညာ”နဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
”ဟုတ် မဟုတ်”နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေ မှတ်မိပါသေး။
လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲအိပ်ပျော်လို့
(ဆရာက………)
အရမ်းပဲ ပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး။
တန်းစီခရာမှုတ်လိုက်တော့
လမ်းမညီညာမှာ ခလုတ်တိုက်မိခဲ့တာ
ညဘက်မှာ မနှပ်ဘဲ
ထလျက်သာ ဖိနပ်ပဲတိုက်ခဲ့ရတာတွေ မှတ်မိပါသေး။
အခါခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနှင့် အမဲသားတွေကိုလည်း မှတ်မိပါသေး။
အိမ်လွမ်းစရာ တံဆိပ်ခေါင်း
စိန်ပန်းပြာနိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်းပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး။
……. မှတ်မိပါသေး …..
……. မှတ်မိပါသေး …..
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်ကပေါ့
သြော်
တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်ထိုထို။ ။
ဥသြ (ချယ်ရီမြေ)
၂၀၀၈ခုနှစ်၊ စစ်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…

မွေးဇာတိ
လွမ်းမိရဲ့ပြန်ချင်။
သတိဝင်
ငါလျှင်စစ်သား၊
တို့ပြည်တွင် ရန်စွယ်လွင့်စေဖို့
ကျရာစေ အရောက်သွားရတယ်
ခွင့်ရက်မနား။
တွေးပါဘိ
မြင်သိရစိတ်ကြည်။
အောင်တေးသီ
မြန်ရွှေပြည်အေးချမ်း၊
ခေတ်မီတပ်မတော်က
စွမ်းအားမော်နောင်တစ်ခေတ်၏
ပြည်ချစ်သည့်ပန်း။
မောင်သန့်ဇင်
(စစ်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှ ကောက်နုတ်တင်ပြပါသည်။)
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…