Saturday, September 13, 2008

+ စစ်မြေပြင်မှ နတ်သုဒ္ဓါ



(မိဘအိမ်တွင်..)
မိုးလင်းကျောင်းသွားခံနီး ဖြစ်နေကြကတော့

"အမေ ဘာဟင်းတုန်း ဒီနေ့" ...
" မနေ့က အမေ ဈေးမသွားအားလို့ ဘဲဥဟင်းလေးပဲ ချက်ပေးလိုက်တယ် သားရယ်"...
"ဟာ..ဒီဟင်းကြီး မစားချင်ပါဘူး။ တော်ပြီ..၀ယ်စားလိုက်တော့မယ်။ မယူသွားတော့ဘူး"။
(စစ်တက္ကသိုလ်ရောက်သောအခါတွင်...)

အိမ်ကပို့လိုက်တဲ့ အကြော်မနက်ဖြန်ရောက်မယ်တဲ့.. အတွေးလေးနဲ့တင် ပျော်နေသည်။ ဂျီးများ၍ မရတော့ အများတန်းတူ စားတတ်ရတော့သည်။ အရင်အချိန်ကအိမ်တွင် ကကျီကကြောင် ကျခဲ့သည်များကို ပြန်လည်မြင်ယောင်မိသည်။ အမေ...သားတောင်းပန်ပါတယ်။ စစ်တက္ကသိုလ်တွင် တော့ ဒီလိုပဲဖြတ်သန်းရင်းနဲ့ (၃)နှစ်ပြီးခဲ့ပါပြီ။ တာဝန်ကျရာ နေရာဒေသကိုလည်း ရောက်လို့လာပါပြီ။
(စစ်မြေပြင်တွင်....)

"ဗိုလ်ကြီး..ရိက္ခာကုန်ပြီ"....ကြားလိုက်ရသောစကားကြောင့် စိတ်မကောင်းအတော်ဖြစ်မိသည်။ မတတ်နိုင်၊ မရှိတော့လည်း ရှိတာရှာစားရတော့မှာပေါ့။
"ဗိုလ်ကြီး..ဒီမှာ စားစရာရပြီ"..
"ဘာတုံး ဆရာကြီးရ။ ငှက်ပျောအူတွေလား။ ဘာတုန်း" ..
"အီကုတ်.. ဗိုလ်ကြီး" ..
"အီကုတ်.. ဆရာကြီး ဟုတ်မှလည်း လုပ်နော်။ ရဲဘော်တွေ ဒုက္ခရောက်နေပါ့မယ်။"
"ဗိုလ်ကြီးတို့ကသာ မစားဘူးသေးလို့ပါ။ ကျွန်တော်တို့တွေက နောက်တန်းက ပေးအဖွဲ့ မရောက်သေးရင် ဒီအကောင်ကို စားနေကြ...စားကြည့်"

မြေကြီးထဲမှ နှိုက်ယူလိုက်သော အကောင်ရွစိရွစိများကို ကြည့်ပြီး... အမေ့မျက်နှာ နှင့် အမိကျောင်းတော်ကြီး သတိရမိသည်။ အိမ်မှာ ဂျီးများသမျှ ကျောင်းရောက်တော့ ကျွတ်သည်။ စစ်မြေပြင်ရောက်တော့ အမိကျောင်းတော်မှာ စားခဲ့ရသော ထမင်းတစ်နပ်ကို သတိရမိသည်။ အရှေ့ရောက်လာသော အကောင်မည်းမည်းကြော်ကို ကြည့်ပြီး ရင်ထဲအောင့်လာသည်။ မတတ်နိုင် မစားလျှင် ငတ်သေရုံသာရှိမည်။ စားရင်းနဲ့မှ တော်တော်စားကောင်းသည်။ ပင်ပန်းသည့် ဒဏ်ကြောင့်လား၊ ဘာလားတော့ မသိ စစ်မြေပြင်တွင် ရှိတာကို ရှာကျန်စားလိုက်ရသော ထမင်းတစ်နပ်သည် ကျွန်တော်တို့ စစ်သားများအတွက်တော့ နတ်သုဒ္ဓါတစ်ပွဲပင်ဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာမိလိုက်ပါတော့သည်။

[အစ်ကိုကြီးကိုအောင် ရဲ့အဖြစ်အပျက်လေးပါဗျာ။ ဘယ်လိုအရသာရှိတယ်ဆိုတာ သွားမေးနိုင်အောင် အမည်ဖော်ပေးတာပါဗျို့]

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us