Friday, January 2, 2009

+ အမောင်စစ်သား ကျွန်တော်နှင့် New Year


လူငယ်တိုင်းပါးစပ်ဖျားတွင် ရေပန်းစားနေသော New Year... New Year ဖြင့်... တွေ့လိုက်တဲ့ လမ်းဆုံလမ်းခွနေရာတွေက ကြော်ငြာဆိုင်းဘုတ်တွေမှာလည်း New Year Festival ဘာညာတွေဖြင့်... အော် New Year... New Year ဒီလောက်တောင် ဆွဲဆောင်မှုကောင်းခဲ့ပါလား။ ကျွန်တော့်အတွက် နှစ်သစ်ညလေးတစ်ညကတော့ အမှတ်တရရှိခဲ့သည်။ ကျွန်တော်တို့တပ်မှ တာဝန်ယူရသော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အနီးရှိ အပိုင်းလေးတွင် ကျွန်တော်တို့အားလုံး New Year လေးကို ဆင်နွှဲခဲ့ကြပုံကတော့ ဘယ်တော့မှ မေ့မရ။ ရှေ့တန်းရောက်စစ်သည်တော်တွေ New Year ဆိုတာ ဒါမျိုးပါလားဆိုသည်ကို ပြောမယုံ ကြုံဖူးမှ သိတော့သည်။


"ဗိုလ်ကြီး မနက်ဖြန် new year နော်။ နှစ်ဟောင်းတောင်ကုန်ပြီ.. ဘာလိုလိုနဲ့ဒီမှာ ရောက်နေတာတောင် တစ်နှစ်ရှိပြီ။ ဗိုလ်ကြီးကောင်မလေးဆီက စာမလာဘူးလား။"
BE မှဗိုလ်ကြီးကလည်း ဥပဓိရုပ်ဖြောင့်သော ကျွန်တော့်ကို တော်တော်အထင်ကြီးလို့ပဲ ကောင်မလေးဆီက စာမလာဘူးလား...မေးတာလား။ သို့တည်းမဟုတ် အားနာပါးနာနဲ့ မေးပေးတာလားတော့မသိ။ ကျွန်တော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကောင်မလေး၏ စာတစ်စောင်ကို ထုတ်ပြလိုက်သည်။

"ဟာ... ဗိုလ်ကြီးက တယ်ဟုတ်ပါလား။ နည်းလေးဘာလေးမေးထားရအုံးမယ်။ ကျွန်တော့်ကိုတော့ စိတ်ပူမယ့်သူတောင် မရှိပါဘူးဗျာ။ ကျောင်းထိုင်ဆရာတော် ဘုန်းကြီးရေးပို့လိုက်တဲ့ ဆုံးမစာလေးတွေကလွဲရင် ကျွန်တော့်ဘ၀က သစ်ခြောက်ပင်ပါ။"

"ကဲပါ..စိတ်ညစ်မနေနဲ့။ လောလောဆယ် ညဖက် new year အတွက် အသားဟင်းလေးတစ်ခွက်ရအောင် ကြံဆောင်ကြရအောင်လား။"


ကျွန်တော်တို့နှစ်ယောက်လည်း သေနတ်ဆွဲကာ အသားဟင်းအတွက်ရှာပုံတော်ထွက်ခဲ့သည်။ ရှာပုံတော်ထွက်သည်ဟုသာဆိုပါသည် ဝေးဝေးမသွားရဲ... မိုင်းနင်းမိလို့ကတော့ ကိုယ်တောင် ဟင်းစားပြန်ဖြစ်မယ့်သဘော။
တစ်ယောက်ကို ငှက်သေးသေးတစ်ကောင်စီရရှိတော့ ဟင်းချက်ရန်ပေးလိုက်သည်။ ဟင်းချက်ရန်ဟုသာ ဆိုရမည် ဟင်းချက်ရန် ဆီဆိုသည်မှာဝေး၊ ဆားဆိုသည်မှာ မူးလို့ရှုစရာမရှိ။ ကျွန်တော်တို့၏ new year အတွက် ဟင်းခွက်လေးကတော့ ငှက်ကိုရေနည်းနည်ဖြင့်မီးကင်းတိုက် ထိုငှက်ကပြန်ထွက်လာသော အရည်ဖြင့်ပင် ပြန်ကြော်.. ငါးကြင်းဆီဖြင့် ငါးကြင်းကြော်သည်ဟူသော စကားပုံသည် ကျွန်တော်တို့အတွက်တော့ ငှက်ဆီဖြင့် ငှက်ပြန်ကြော်သကဲ့သို့။ အရသာကတော့ ကောင်းမကောင်းမသိ အနံ့ကတော့ ညှီတစ်ဆို့နေတာပဲ။ သို့ပေသောလည်း စားရန်ကမရှိတော့။ new year ညတွင် အများသူငါလို wine ခွက်လေးကို ကိုင်ကာcount down မလုပ်နိုင်။ မိမိလက်ထဲတွင် ရှိနေတာက ၀ါးဆစ်ပိုင်းလေးတစ်ခု ထိုဝါးဆစ်အထဲတွင်ရှိသော ရေနွေးက wine များထက် တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးသော မိမိရဲဘော်ကိုယ်တိုင် အသက်ကိုဖက်နှင့်ထုပ်ကာ သွားခပ်ခဲ့ရသော ရေ။ New Year အချိန်လေးနီးကပ်လာပါသည်။ စားစရာသောက်စရာများကို အလည်တွင်ထားကာ ငှက်အိုးကင်းတိုက်ကို ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြသည့် သေအတူရှင်မကွာ လက်တွဲတာဝန်ထမ်းဆောင်ခဲ့သော ညီအစ်ကိုများနှင့် ယခင်နှစ်က new year ၏အပျော်များသည် Wine ခွက်လေးဖြင့် Cheese လေးကို စားကာ Cheer Happy New Year ဟုအော်ဟစ်နေခဲ့သော New Year ထက် များစွာလှပပါပေသည်။

5 comments:

may16 said...

ပျော်ရွင်ဖွယ်နှစ်သစ်ဖြစ်ပါစေ .

Unknown said...

Happy new year !!

အလင်းရောင် said...

ငုက်အိုးကင်းတိုက်လာစားသွားတယ်နော် ဒါတွေက လုပ်ဇာတ်မဟုတ်တာ ကျွန်တော်သိတယ်။ အပြင်မှာ တကယ်ရှိတာ
နှစ်သစ်ကိုတော့ ကြိုဆိုလိုက်ရတယ်ပေါ့။ ကျွန်တော်က နှစ်သစ်ကို စောင့်ရင်းနဲ့ အိပ်ပျော်တာ သုံးနှစ်ရှိပြီးအကိုရေ....ဟီးဟီး။

Senior General Than Shwe said...

တော်တော်လေးကို ညံ့ဖျင်းတဲ့ မြန်မာစစ်တပ်ဘဲ စောက်သုံးမကျမှန်းသိသွားပြီကွာ ကျေးဇူးဘဲ ဂုဏ်တော့ ယူမနေနဲ့ အလကားဘဲ ခုထိလဲ မငြိမ်ချမ်းသေးဘူး ဘယ်မှာလာစောက်သုံးကျတော့မလဲ

Unknown said...

ဘ၀တစ်ခုလုံး တပ်မတော်အတွက် ပေးလှုထားပြီးပြီပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ .. စိတ်ညစ်စရာလို့မခံယူပါနဲ့ .. နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခွင့်ရနေတဲ့ အတွက် ဂုဏ်ယူလိုက်ပါအကို...........

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us