Sunday, January 25, 2009

+ အမောင်ဗိုလ်လောင်းနှင့် စီးပွားရေး Strategy


ကျွန်တော့်၏သူငယ်ချင်းဖြစ်သူ၏အကြောင်းသည် ပြောလို့မှမကုန်။ ရေးလို့မှမဆုံးဖြစ်နိုင်သည်။ ကျွန်တော့်သူငယ်ချင်းသည် စီးပွားရေးကတော့ တော်တော်ကို အမြင်ကျယ်သည့် သူတစ်ဦး။ ဗိုလ်လောင်းဘ၀ကတည်းက စီးပွားရေးလုပ်သည်။ အိမ်ကပို့လိုက်သော ပိုက်ဆံများကို ခြစ်ကုတ်စုသည်။ အတော်လေးစုမိတော့ ဆရာကြီးတစ်ယောက်ထံမှ ၀က်ပေါက်တစ်ကောင်ဝယ်ကာ ဒိုဗီ မသန်းထံတွင် ၀က်ပေးမွေးလေသည်။ မိမိကသားပေါက်ကိုပေး၍ လက်ခံမွေးထားသူက ကျွေးပေးရခြင်းဖြစ်ပြီး ၀က်ပြန်ရောင်းချိန်တွင် တစ်ယောက်တစ်ဝက်ခွဲယူခြင်းစနစ်ဖြစ်သည်။ ၀က်ပေါက်ကို စပေးသည့်နေ့မှစ၍ သူငယ်ချင်းဖြစ်သူတစ်ယောက် တွက်ချက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ပါတော့သည်။ ထိုနေ့ရက်များသည် သူငယ်ချင်းဖြစ်သူအတွက် ရွှေရောင်နေ့ရက်များဖြစ်ခဲ့သည်။ ၀က်ရောင်းပြီးလျှင်တောင် ကျွန်တော်တို့ကို OutPass ထွက်သည့်နေ့ ဒကာခံမည်ဆိုတာတောင်ပါသေး။ ကျွန်တော်တို့တောင် ရောယောင်ပြီး ၀က်ကြီးအစားများများစားပါစေ ကြိတ်ဆုတောင်းနေသေးသည်။ ၀က်ကြီးလှတော့ ဈေးရမည်ပေါ့…

တစ်နေ့သောချယ်ရီတွေပွင့်သော ရက်လေးတစ်ရက်တွင် ငိုမလိုမျက်နှာဖြင့် သူငယ်ချင်းဖြစ်သူ အခန်းအတွင်းသို့ဝင်လာသည်။
“ဟိတ်ကောင်..မင်းဘာဖြစ်လာတာလည်း။”
“…………”
“ဘာ” ကျယ်လောင်သော အာမေဋိတ်သံသည် ကျွန်တော်တို့သူငယ်ချင်းတစ်အုပ်ဆီမှ တပြိုင်တည်းကို ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော်… သူငယ်ချင်းဖြစ်သူ၏ ၀က်ကြီးသေသွားသည်တဲ့။ သေသွားတဲ့ဝက်ကို ရတဲ့ဈေးနဲ့ရောင်းလိုက်ရလို့ပိုက်ဆံတောင် သိပ်မရလိုက်လို့ ဒိုဗီ မသန်းက ကျွေးစရိတ်အဖြစ်ပြန်ယူလိုက်သည်တဲ့။ သူငယ်ချင်းဖြစ်သူမှာ ငိုရခက်ရယ်ရခက်။

သူငယ်ချင်းရေ.. မင်းအကြောင်းကို ရေးလိုက်တာ စိတ်မဆိုးနဲ့ကွာ။ မင်းမွေးထားတဲ့ငါးတွေ ရေကြီးလို့ပါသွားတယ်ဆိုတာ ကြားလိုက်ရလို့ မင်းကို မွေးမြူရေးမလုပ်စေချင်တော့ဘူး။

မင်းကိုသတိရလျက်
ရတခ

9 comments:

GreenGirl said...

အော်...ဖြစ်ရလေ

မီးငယ် said...

အော် အရှိန်ကမသေပါလားနော်..... :P :P
:))

အလင်းရောင် said...

ပျောက်လို့လိုက်ရှာတော့မလို့ သူငယ်ချင်းရာ ဘယ်တွေ ပျောက်နေတာလဲ စားမေးပွဲရော ဂွတ်လား။ ပြီးပြီးလား။ ပြီးရင်တော့ ရေးတော့နော်။ ဖတ်မယ်။ အခုပို့ကတော့ မဖတ်နိုင်သေးဘူး။ ဆီဗုံးမှာ လာရေးတဲ့အချိန်မှာ ဘလော့ထဲမှာ ကျွန်တော်ရှိနေတယ်ဗျ။ အဲဒါကြောင့် ချက်ချင်းရောက်လာတာ။ ဒါပဲ မအိပ်ရသေးဘူး။ စားမေးပွဲတော့ပြီးသွားပြီး။ နားလိုက်ဦးမယ်ဗျာ။ နောက်တစ်ခေါက်လာခဲ့မယ်။

ဖြိုးငယ် said...

သနားစရာပါလား

Unknown said...

အဖြစ်က ဆိုးပ :P

ဝှိုက်ဝှိုက် said...

အော်သနားစရာပါလားနော်

အလင်းရောင် said...

ကောင်းပါ့ကွာ။ ဖတ်ရတာ ရယ်စရာတောင်ဖြစ်သေးတယ်။ ဟိုတုန်းက အဖြစ်အပျက်တွေက ကျွန်တော်တို့ အတွက်တော့ မေ့ရနိုင်တဲ့အပြင် အာမီကြီးက ဒီလိုဖော်ကြူးပြနေတော့ အတိုင်းထက်လွန်ပါပဲ အားလုံးကို မျှဝေခံစားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Ogre said...

ဆိုးပါ့ ဘဝနှယ် :P

မသက်ဇင် said...

လာဖတ်သွားပါတယ်--
ပျော်ရွှင်ပါစေ--

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us