Tuesday, December 9, 2008

+ ၁၇ ဒီဇင်ဘာနှင်း


နှင်းတွေမှုန်မှိုင်း
ရှစ်ခွင်တိုင်းလည်း
မှုန်ရီေ၀၀ါး...
သို့သော်ငြားလည်း
ငါတို့ပခုံး
ကြယ်နှစ်လုံးက
မိုးရံထက်သို့
လွှမ်းခြုံခဲ့သည့်
ဆောင်းရာသီ..။

"နှစ်ထောင့်ရှစ်ခု
ဒီဇင်ဘာလ
တစ်ဆယ့်ခွန်တွင်"
လေးဆယ့်ခွန်တို့
ပခုံးပြောင်းပြီး
တိုးမြှင့်တာဝန်
ထမ်းကြရမည်...။

ညီနောင်များတို့
သစ္စာလေးချက်
ဦးထိပ်ရွက်လို့
ပေးအပ်တာဝန်
ထမ်းဆောင်ကြမည်
ရှေ့သို့ချီ...။

၁၇၊ ဒီဇင်ဘာလ၊ ၂၀၀၈ ခုနှစ်တွင်ကျရောက်မည့် စစ်တက္ကသိုလ်အပတ်စဉ်(၄၇)တို့၏ ကျောင်းဆင်းပွဲအထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရေးသားရင်း ညီမလေးDream Tag ထားတဲ့ "အကြိုက်ဆုံးကဗျာ"လေးအဖြစ် ဖော်ပြလိုက်ပါတယ်။
+ ကျောင်းဆင်းပွဲမှတ်တမ်းသတင်းစာဖော်ပြချက်

8 comments:

မီးမီးငယ် said...

တိုတိုလေးနဲ့ ထိမိတဲ့ကဗျာလေးပါ
လာရောက်ခံစားပေးသွားပါတယ်
း)

Ogre said...

လာရောက်ခံစားသွားပါတယ်ဗျာ .. :-)

mgthonnya said...

thz for poem ....ကောင်းတယ်...အမှတ်တရရှိနေတဲ့အတွက်ကျေးဇူးပါ..:)

ထိပေ့သျှင် said...

ကျေးဇူးပဲ။ :P

ကောင်းအောင် said...

ကျေးဇူးတင်ပါတယ် ... စာမေးပွဲနီးနေလို့ ဘလော့ကို မဝင်ဖြစ်တာ အခုမှ ရောက်လာတယ်... အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေဗျာ...

GreenGirl said...

ဝေးးး အဖော်ရပြီ
ဒီက ၁၇ရက်နေ့ေ၇ာက်ဖို့ စောင့်နေတုန်း သူက ဦးသွားပြီ
လာပဲဖြစ်ဖြစ် ကျေးဇူးပါမောင်လေး
သတိတရရှိနေလို့

Anonymous said...

စစ်တက္ကသိုလ် ၄၇ ကျောင်းဆင်းတစ်ယောက် အနေနဲ့
လာဖတ်သွားပါတယ် ခင်ဗျ ...
အခုလို သတိတရ ရှိနေတာ အရမ်း ၀မ်းသာတယ်ဗျာ
ဒီကဗျာလေးကို ဖတ်ပြီး ဓါတ်ပုံကို ကြည့်လိုက်ရတာ
အမိကျောင်းတော်ကြီးကို ပြန်ရောက်သွားသလိုပါပဲ ...
ကျေးဇူးဗျာ

Dream said...

ကဗျာလေးက တော်တော်ကောင်းတယ်..တော်လိုက်တာ ..
ကဗျာစပ်တဲ့ ပုဂ္ဂိုလ် ကိုလဲလေးစားမိပါရဲ့.. ..
အခုလို ရေးပေးတာ ကို ကျေးဇူးတင်ပါတယ် ဦးဦးနဲ့ တီတီအာမီရေ...
(ဦးဦးအာ အတွက် ကော်ဖီတခွက် နဲ့ တီတီမီ အတွက်
အာဝါးးးးးးးးး အမြှောက်တသိန်.... :P
ဟီးဟီး... ကျေးဇူးနော့် )

ကိုချစ်တဲ့သူနဲ့ လည်း အမြန်ဆုံးပေါင်းဖက်နိုင်ရ ပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်.... :P :P

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us